နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေးစာရင်း ပြုလုပ်လိုသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက သရက်ချဉ်ကျေးရွာအုပ်စု၊ သက်ရင်းတောကျေးရွာတွင် ပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။                       

မိတ္ထီလာ၌ စားအုန်းဆီတစ်ပိဿာ ၄၂ဝဝ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ၄၂ဝဝကျပ်နှုန်းဖြင့် မိတ္ထီလာ မြို့တွင်းနေရာ ၄ ခုတွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်မျိုးစိတ် သစ်”ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနှင့် သက်ငယ်မုဒိန်းမှုခင်းများ မဖြစ်ပွားရေး၊ သတင်းအမှန်/အမှား ခွဲခြားသုံးသပ်တတ်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနှင့် သက်ငယ်မုဒိန်းမှုခင်းများ မဖြစ်ပွားရေး၊ သတင်းအမှန်/အမှား ခွဲခြားသုံးသပ်တတ်စေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း (မန္တလေး) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက် ၉ နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အိမ်မဲမြို့တည်သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး နတ်လမ်းတော်နှင့် ဘက်စုံမွမ်းမံ/ ပြင်ဆင်ခြင်းတို့ အတွက် ရေစက်ချပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်း(၁)လမ်းရှိ အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား ရုပ်ရှင်တော်မြတ်ကြီး နတ်လမ်းတော်နှင့် ဘက်စုံမွမ်းမံ/ပြင်ဆင်ခြင်းတို့ အတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မိသားစုများ ရေစက်ချပွဲ အခမ်းအနားကို ယနေ့နံနက် (၇) နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့နယ် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းမှ အာဟာရဒါနအဖြစ် နေ့စဉ် ထမင်း၊ ဟင်းများ လှူဒါန်းပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျော်ဇံထေရဝါဒကျောင်းတိုက်တွင်  တည်ထောင်ဖွင့်လှစ်ထားသည့် မေတ္တာဝါဒီ ပရဟိတဖောင်ဒေးရှင်းသည် အာဟာရဒါနအဖြစ်  မြို့နယ်တွင်း၌ နေ့စဉ် ထမင်း၊ ဟင်းများ လှူဒါန်းပေးလျက်ရှိသည်။

မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများတွေ့ဆုံ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် မြတောင်ကျေးရွာ နန့်လှိုင်ကျေးရွာတွင် ခေတ်မီစံပြကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဌာနဆိုင်ရာများနှင့် ကျေးရွာပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့ နေ့လယ်(၁၁)နာရီခွဲတွင် ကျင်းပရာ မိုးညှင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ​ပေါင်မြို့နယ်၊ အိမ်​ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/ ၆) အား Data Base စနစ်ဖြင့် ဖြည့်သွင်း စီစစ်နေမှု အခြေအနေကို ကြည့်ရှုစစ်​ဆေး၍ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့များနှင့် ​တွေ့ဆုံခဲ့

မွန်ပြည်နယ်အတွင်း လူဦး​ရေနှင့် အိမ်​ခြေ အိမ်ထောင်စုစာရင်း မှန်ကန်​စေ​ရေး ပြည်နယ် ဝန်ကြီးချုပ်ဦး​ဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ယ​မန်နေ့ မွန်းလွဲပိုင်းက ​ပေါင်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံးတွင် အိမ်ထောင်စု စာရင်းပုံစံများအား ဖြည့်သွင်း စီစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက အိမ်​ထောင်စုလူဦး​ရေစာရင်းပုံစံ (၆၆/၆) အား ဖြည့်သွင်း စိစစ်ခြင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် သက်ဆိုင်ရာ ဝန်ထမ်းများက Data Base စနစ်ဖြင့် ဖြည့်သွင်းစိစစ်နေမှု အခြေအနေအား ကြည့်ရှု စစ်​ဆေး ခဲ့ပါသည်။

တောင်နီကျေးရွာတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် တောင်နီကျေးရွာအုပ်စုတွင် ဆီထွက်သီးနှံ (နေကြာ)စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲနှင့် ဟင်းသီးဟင်ရွက်မျိုးစေ့များ ထောက်ပံ့ခြင်း အခမ်းအနားကို ဘက်စုံသုံးခန်းမ၌ ဩဂုတ်(၁)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to