လောင်းလုံးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် စကားပုံဆက်ပြိုင်ပွဲများကျင်းပ

လောင်းလုံး  သြဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက် စေရည်ရန်နှင့် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် လာရောက်စေရန် ရည်ရွယ်၍ ယနေ့ညနေ ၃ နာရီက ပြိုင်ပွဲများကျင်းပသည်။

ထိုသို့ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ ပးဖောင်းမှုတ်ပြိုင်ပွဲ၊ ပူဖောင်းခွဲပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဒိုးဇက်ပြိုင်ပွဲ အသီးသီးတို့ကို ပြုလုပ်ကျင်းပကာ ကျောင်းသား၊ သူများက ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ကြ၍ ဆုရရှိသူများကို ဆုများနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်၍ စာအုပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းသိန်း (လောင်းလုံး)