တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံကွန်ပျူတာသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

တောင်ကြီး ဩဂုတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အခြေခံကွန်ပျူတာပညာကို တတ်ကျွမ်းနားလည်‌စေရန် ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီးမြို့၊ ကွန်ပျူတာခန်းမတွင် ယနေ့ညနေ ၄ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်ပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးညွန့်ရွှေကအဖွင့်အမှာစကားပြောကြားပြီး တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အခြေခံကွန်ပျူတာသင်တန်းကို ဩဂုတ်လ ၄ ရက်မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြည်သူများ ကာယ၊ ဉာဏစွမ်းရည်ရင့်သန်လာစေရန် သင်တန်းများ ဆက်လက်ပို့ချသွားမည်ကြောင်း သိရသည်။

ဇော်နိုင်လင်း