စမ်းချောင်းမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

စမ်းချောင်း သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့်   စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ​ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်စာရင်းစစ်ရုံးသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ Mobile Library စနစ်ဖြင့်​ အခမဲ့ငှားရမ်းရခြင်းမှာ စာကြည့်တိုက်သို့ လာရောက်ရန် အခက်အခဲရှိသည့် စာဖတ်ပရိသတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုရာမှ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာဖတ်သူ တိုးပွားလာစေရန်ရည်ရွယ်၍ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့သွားရောက် ငှားရမ်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်​ရေးအတွက် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဌာနဆိုင်ရာများ၊ ကျောင်းများ၊ ရပ်ကွက်များသို့  အလှည့်ကျသွားရောက် ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။

ခင်ငြိမ်းချမ်းဝင်း