ကလိန်အောင် ဩဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီ စားသုံးကုန် အသီးအနှံပင်ဖြစ်သည့် ကျွဲကောသီးပင် (ဒေသအခေါ်) ဓာတ်ကျွဲကောသီးကိုသဘာဝရာသီဥတုနှင့် ရေခံမြေခံအခြေအနေအရ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများတွင် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါကျွဲကောပင် ( ဒေသအခေါ် )ဓာတ်ကျွဲကော်ပင်အား အကိုင်းဆက်ပျိုးပင်တစ်ပင်လျှင် ငွေကျပ်(၆၅၀၀)ကျပ်ခန့် ဈေးနှုန်းဖြင့် သီးနှံပင်ပျိုး ထောင်ရောင်းချသူများထံမှ ဝယ်ယူရရှိ၍ ပြန်လည်စိုက်ပျိုးခြင်း မြေဩဇာများထည့်သွင်းခြင်း နွေရာသီတွင် ရေသွင်း၍ စနစ်တကျပြု စုပျိုးထောင်စိုက်ပျိုးခြင်းဖြင့် သုံးနှစ်ခန့်အကြာတွင် အပွင့်အသီးစတင်ထွက်ရှိကြောင်း သိရ သည်။
ကျွဲကော်ပင်၏ စိုက်ပျိုးသက်တမ်း လေးငါးခြောက်နှစ်ခန့်အကြာတွင် ကျွဲကောသီး အသီးအပွင့်များ ကောင်းမွန်စွာ လှိုင်လှိုင်သီး ၍ အသီးရင့်မှည့်ချိန်တွင် ခူးဆွတ်ရောင်းချရာဒေသအတွင်း၌ ကျွဲကောသီးတစ်လုံးလျှင် အသီးအလုံးအရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ် (၁၀၀၀)ကျပ်မှ (၁၅၀၀) ကျပ်အထိ ဈေးနှုန်းရရှိပြီး မိသားစုအပိုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခင်ခင်လဲ့