ရပ်​စောက်၌ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ရပ်​စောက် ဩဂုတ် ၅

ရှမ်းပြည်နယ်​တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်​စောက်မြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် နေကြာသီးနှံအတွက် လိုအပ်​သောမျိုး​စေ့ဝယ်ယူရန်အတွက် တောင်သူများလိုအပ်​သော​ ငွေ​ကြေးအရင်းအနှီးကို ပံ့ပိုး​ပေးနိုင်ရန် မြစိမ်း​​ရောင်​ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်​နေ့နံနက်ပိုင်းက အလည်​ချောင်​ကျေးရွာအုပ်စု၊​ တောယား​ကျေးရွာ၌ ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦး​ရှေးရယ်က တောယား​ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/​ကျေးရွာသားများနှင့် တွေ့ဆုံပြီး မြစိမ်း​ရောင်​ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် အကျိုး​ကျေးဇူးများကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး​ ကျေးရွာသူ/​ကျေးရွာသားများ၏ သ​ဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့်​ ကော်မတီဖွဲ့စည်း​ပေးခဲ့​ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)