ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လည်ပိုင်း က ပန်းတောင်းမြို့နယ် ရပ်သာကျေးရွာအုပ်စု၊ ရပ်သာတံတားတွင် ကျေးရွာများကမ်းပြိုတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် ဘူးရိုးချောင်းဖြောင့်မည့်နေရာအား ကြည့်ရှုစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စားပင် သီးနှံမျိုးစုံ အားထား စိုက်ပျိုး လုပ်ကိုင်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မြေအောက်ရေဖြင့် နေ့စဉ်ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်စားပင် သီးနှံမျိုးစုံကို အားထား စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ စိုက်ပျိုးရေ အဆင်ပြေသည့်အတွက် ဟင်းသီးဟင်းရွက်စားပင် သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်း​စေရေးအတွက် ယနေ့နံနက်(၉)နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၄၁၂,၅၅၀) ဦး  ထိုးနှံပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် စုစုပေါင်း (၄၂၁၅၅၀) ဦး ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

မယ်စဲ့မြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မိုးနှမ်းများ အောင်မြင်ဖြစ်ထွန်း

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ယခုနှစ်မိုးရာသီကာလ၌ ဆီထွက်သီးနှံဖြစ်သည့်် မိုးနှမ်းကို ဒေသခံတောင်သူများက အဓိကစိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် အ.မ.က(မူလွန်) နတ်စဉ်ကုန်းကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အ.မ.က(မူလွန်) နတ်စဉ်ကုန်းကျောင်း၌ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်း၌ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်များလှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ကျိုင်းတုံမြို့၌ မီးဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နွဲ့နောရပ်တွင် ယမန်နေ့ နံနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့် အိမ်ထောင်စုအား ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူများက ဩဂုတ် ၄ ရက် မွန်းတဲ့ ၁၂ နာရီခွဲတွင် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁)နာရီက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အိမ်တွင်းမှုသင်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to