မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ကံမမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းနေမှုကို ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကံမမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆)ပုံစံများအား Software Program ဖြင့် ရိုက်ကူးထည့်သွင်းခြင်း လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ် ၁၂ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်တရားလွှတ်‌တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ မြစ်ကြီးနား တက္ကသိုလ် ဘာသာပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုများ တက်ရောက်ချီးမြှင့်

မြစ်ကြီးနားတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ် ခတ္တိယတပ်ဦးကျောင်း၌ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​သြဂုတ်လ ၆ရက် နံနက်ပိုင်းက ခတ္တိယတပ်ဦးကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ​ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြန်အောင်ခရိုင်၌ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး သစ်တောဦးစီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်က  မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်း အကွက်အမှတ် (၅၂) ပုသိမ်-မုံရွာကားလမ်း မိုင်တိုင် အမှတ် ၇၆/၅ အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့်  ကိုင်းကူးကိုင်းဆက် လက်တွေ့ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းက အကြပ်အင်းကျေးရွာ အုပ်စု၊ကံကလေးကျေးရွာရှိ  စိုက်ပျိုး၊မွေးမြူကြသူ တောင်သူများအား စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်

ကျိုက်လတ် အထက(၁)၌ကျောင်းသား/ကျောင်းသူများ၏ မိဘများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊  ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့ နေ့လယ် (၁)နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် နဝမတန်းအောင်မြင်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်ခြင်းမရှိသေးသည့် ကျောင်းသား/ကျောင်းသူများ၏  မိဘများနှင့်။  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  တွေ့ဆုံ ဆွေးနွေးပွဲကျင်းပခဲ့သည်။

ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ (ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ကလိန်အောင်မြို့၌ မွေးကင်းစမှ အသက်(၅)နှစ်ခွဲ‌ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့ နံနက် ၉ နာရီက မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၅)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to