မိုင်းဖြတ်မြို့နယ် ခတ္တိယတပ်ဦးကျောင်း၌ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းဖြတ် ​သြဂုတ် ၆

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ​သြဂုတ်လ ၆ရက် နံနက်ပိုင်းက ခတ္တိယတပ်ဦးကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ​ ဆွမ်းဆန်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းရာတွင် ​ကျောင်းထိုင်ဆရာ​တော်  ဘဒ္ဒန္တ​နေမိန္နထံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်​​ရေးမှူး ဦး​အေးချမ်းမျိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး တင်​အောင်နှင့် တာဝန်ရှိသူများက ဆွမ်းဆန်(၂)အိတ်၊ ဆီ(၆)ပိသာနှင့် ကြက်ဥ (၁၀၀)လုံးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့​​ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှုဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်း​တော်ကြီး​ကျောင်းများကို တစ်လလျှင်တစ်ကြိမ်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်​ကြောင်း သိရသည်။

​သန်းထွန်း​အေး (ပြန်/ဆက်)