ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ပြည် ဩဂုတ် ၆

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ (ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင်‌ ဦးစွာပြည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ‌စာရေးဆရာမ ဒေါက်တာဒေါ်ယဉ်ဝေလွင်နှင့် ဆုံစည်းရာစာဖတ်ဝိုင်း (Book Club) အဖွဲ့၏ နာယက ဆရာကြီးများက စာဖတ်ဝိုင်းရေရှည်တံ့ရေး ဆွေးနွေးပြောကြားပြီး  တက်ရောက် လာသော ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ   စာရေးဆရာ/ ကဗျာဆရာများနှင့် စာပေ ဝါသနာရှင်များက ၎င်းတို့ဖတ်မှတ်ခဲ့သော ကြိုက်နှစ်သက်ရာ သုတ/ရသစာပေ အကြောင်း အရာများကို အပြန်အလှန်နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့ ဆုံစည်းရာ စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူး‌ပေါင်း၍ ခရိုင်ပြန်/ဆက်ရုံး လူထုအခြေပြု ဗဟိုဌာန၌ လစဉ် ပထမပတ် (စနေနေ့တိုင်း) သုတ/ရသ စာပေရေးရာများ ဆွေးနွေးသည့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။

ကိုဆက်