စစ်တွေမြို့၌ ဝါတွင်းကာလ လပြည့်နေ့မတိုင်မီ အဖိတ်နေ့များတွင် ဆွမ်း၊ ဆန်စိမ်းလောင်းလှူနိုင်ရေး ညှိနှိုင်းစည်းဝေး

စစ်တွေမြို့၌ ၂၀၂၂ ခုနှစ်၊ ဝါတွင်းကာလ လပြည့်နေ့မတိုင်မီ အဖိတ်နေ့များတွင် ဆွမ်း၊ ဆန် စိမ်းလောင်းလှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

​ရွှေဘိုတက္ကသိုလ်၌ ခရိုင်အဆင့် (၂၃)​ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီးပြိုင်ပွဲကျင်းပ

စစ်ကိုင်းတိုင်း​​ဒေသကြီး​ ရွှေဘိုခရိုင်၊​ ရွှေဘိုတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာတောင်ဘက်ရှိ ရွှေညောင်-ရပ်စောက် ကားလမ်းပေါ်၌ ရေကြီးရေလျံမှုဖြစ်ပွား

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ ရေပူကျေးရွာတောင်ဘက် ဆင်တဲတံတားအနီး ရွှေညောင်-ရပ်စောက်လမ်း-အင်တော၊ ကျောက်ဂူ၊ နောင်ချိုလမ်း သွားကားလမ်းပေါ်ရှိ အနိမ့်ပိုင်းနေရာဖြစ်သော မိုင်တိုင် (၁၀/၆) နှင့် (၁၁/၀) အကြားတွင် အထက်ပိုင်းဒေသများဖြစ်သည့် ရပ်စောက်၊ ပင်ဖြစ်၊ ကျောက်နီ၊ ရေပူစသည့်နေရာများ၌  ယမန်နေ့ည ၁၀ နာရီခန့်က မိုးသီးထန်စွာ ရွာသွန်းခဲ့မှုကြောင့် နမ့်လတ်ချောင်း ရေမြင့်တက်ကာ ရေကြီးရေလျှံဖြစ်ပြီး ကားလမ်းပေါ်သို့ ရေအမြင့် (၄) ပေခန့် မြင့်တက်ခဲ့ရာမှ ယနေ့နံနက် ၇ နာရီအချိန်တွင် တိုင်းထွာချက် အရအမြင့် (၁.၅) ပေခန့်သာ ရှိတော့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ  ကျောင်းသား/သူများအား Vero Cell ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံပေး

ကျောင်းနေအရွယ်ကလေးတိုင်း ပညာရေးကိုကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အသက်(၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၄၀၂)ဦးအား Vero Cell ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံခြင်းကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမြစိုးက ဦးဆောင်၍ ဆရာမများက တာဝန်ယူထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြန်အောင် ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက စနေဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့်မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မိသားစုများစုပေါင်း၍ ယနေ့နံနက် ၄ နာရီက မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် စနေ့ဆွမ်းကျောင်း၌ သံဃာ့ဒါန ဆွမ်းလောင်းလှူခဲ့ကြသည်။

ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍများနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စိုက်ပျိုးရေး၊မွေးမြူရေးကဏ္ဍများနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်မြင့်မားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ဝင်ဌာနဆိုင်ရာများက ယမန်နေ့နံနက်ပိုင်းက သဖန်းပင်ဆိပ်ကျေးရွာအုပ်စု၊သဖန်းပင်ဆိပ်ကျေးရွာသို့ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများနှင့် ဒေသဖြိုးရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ် ဘွေကြီးကျေးရွာတွင် ကျေးရွာနေ ‌ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍  အသိပေးရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

ဝက်လက်မြို့၌ မိုးစပါး တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး တောင်သူ အသိပညာပေး သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်၍ မိုးစပါးတင်း ၁၀၀ နှင့်အထက် ထွက်ရှိရေး တောင်သူ နည်းပညာပေး သင်တန်းဖွင့်လှစ်ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင်အသက် မွေးဝမ်းကျောင်းအထောက်အကူပြု (အခမဲ့)ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန် တို့ကိုရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု(အခမဲ့) ဆိုင်ကယ်ပြင်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကယ်ကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၅)ခရိုင် စစ်တုရင် ပြိုင်ပွဲတွင် ရရှိခဲ့ သည့် တံခွန်စိုက်ဖလားအပ်နှင်းခြင်းနှင့်ဆုရရှိသည့် အားကစားသမားများအား ချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ ဝန်ကြီးချုပ်ဖလား (၅)ခရိုင်စစ်တုရင် ပြိုင်ပွဲတွင် ရရှိခဲ့သည့် တံခွန်စိုက်ဖလား အပ်နှံခြင်းနှင့် ဆုရရှိသည့်အားကစား သမား များအား ဂုဏ်ပြု ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၁၂)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to