သထုံခရိုင် လူထုအ‌ခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကာဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

သိန္နီမြို့နယ်တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်သင်ကြားပြသပေးလျက်ရှိ

မြန်မာ့တိုင်းရင်းသားတို့၏ ရိုးရာ အဆို၊ အက၊ အတီး များကို မပျောက်ပျက်စေရန်၊ ယဉ်ကျေးမှု အစဉ်အလာများကို ကျောင်းသားလူငယ်များ သိရှိစေရန်အတွက် နိုင်ငံတော်မှ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများကို ယှဉ်ပြိုင် ဖော်ထုတ်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ တွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့်သူများအား လေ့ကျင့်သင်ကြားပေးခြင်းကို သိန္နီမြို့ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ဆောင်ရွက်လျက်ရှိသည်။

မိုင်းတုံမြို့၌ နောင်တော်ကြီးစေတီတော်၊ ညီ‌တော်စေတီနှင့် သဗ္ဗညုမင်္ဂလာစုမ့်မိန်း‌စေတီတော်မြတ်တို့အား ထီးတော်တင်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ၊ ကမ္မဌာန်းကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် နောင်တော်ကြီးစေတီတော်အား ဩဂုတ် ၅ ရက်နေ့ ည ၆ နာရီ ၄၅မိနစ်အချိန်၊ ညီ‌တော်စေတီနှင့် သဗ္ဗညုမင်္ဂလာစုမ့်မိန်း‌ စေတီတော်မြတ်အား ညလယ် ၁၂နာရီ တိတိအချိန်တွင် ထီးတော်တင်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင်နှင့် မြို့နယ် ထွေ/အုပ်ဝန်ထမ်းများစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ခရိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ဝန်ထမ်းများ၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ထွေအုပ် အစည်းဝေးခန်းမဆောင်တွင် ကျင်းပခဲ့သည်။

တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်သူများ အင်္ဂလိပ်စာ(4-skill)ကို တတ်ကျွမ်းနားလည်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်း၊ အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ တောင်ကြီး၊ သင်တန်းခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြု လုပ်သည်။

ဟိုပန်မြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ သူ(၆၉၅) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခဲ့

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ၊ ဟိုပန်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားနေသော အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဩဂုတ်လ(၃)ရက်နေ့မှ စတင် ထိုးနှံပေးခဲ့ရာ ယနေ့အထိ ကျောင်းသား(၃၇၁)ဦး၊ ကျောင်းသူ(၃၂၄)ဦး စုစုပေါင်း (၆၉၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

တိုင်းဒေသကြီးအဆင့် ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ပူး‌ပေါင်း၍ တိုင်းဒေသကြီးအဆင့် ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ)အခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်က ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အနောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဇမ္ဗူသီရိမြို့နယ်အတွင်း “ခြင်ကျားလောက်လမ်းကင်းစင်ရေးလှုပ်ရှားမှု Campaign” ပြုလုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းအိမ်ယာများတွင် “ခြင်ကျားလောက်လမ်းကင်းစင်ရေး လှုပ်ရှားမှု Campaign” ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးကြီးမင်းနောင်၊ ရဲမှူးကြီး ကိုကိုလွင်၊ နေပြည်တော်ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသီရိနွယ်၊ ပျဉ်းမနားခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်၌ ဗီဒီယိုလုပ်ငန်း မှတ်ပုံတင်ထားရှိသော လုပ်ငန်းရှင်များ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း ဗီဒီယိုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်မှုရှိ/မရှိ စစ်ဆေးခြင်းများကို စဉ့်ကူးမြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များက ယနေ့နေ့လယ်(၁၂) နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

“မူဆယ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော”

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က (၂) ကျောင်း စံပယ်ဆောင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခဲ့သည်။
Subscribe to