ကလိန်အောင်မြို့၌ မွေးကင်းစမှ အသက်(၅)နှစ်ခွဲ‌ အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ကလိန်အောင် ဩဂုတ် ၆

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ယနေ့ နံနက် ၉ နာရီက မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၅)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ပုံမှန်ကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် ရေဖြူမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်သဲစုဝိုင်းနှင့် ကျန်းမာရေးဝန်းထမ်းများက လစဉ်ပုံမှန်အဖြစ် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှမွေးကင်းစမှ အသက်(၅)နှစ်ခွဲ‌အောက် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဆုံဆို့- ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အ‌မြှေးအရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။

ခင်ခင်လဲ့