ထားဝယ်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း (၈/၂၀၂၂)ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထားဝယ်စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်းဆိုင်ရာလူသုံး ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်း(၈/၂၀၂၂)ကို ယမန်နေ့နံနက်ပိုင်း က ထားဝယ်မြို့၊ ကူးတို့ကျေးရွာ၊ ဝိသုဒ္ဓရဘုန်းကြီး ကျောင်း၌ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(နားစန်း)၌ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးလျက်ရှိ

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (နားစန်း)၌ ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာပေသင်ကြားနိုင်စေရေး အတွက် ယနေ့နံနက် (၉)နာရီအချိန်တွင် ကျန်းမားရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝါးခယ်မမြို့နယ်၌ အခြေခံလူဦးရေစာရင်းများ မှန်ကန်စေရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ အခြေခံလူဦးရေစာရင်းများ မှန်ကန်စေရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့၌ ကျောင်းသား/သူများအား ယာဉ်အန္တရာယ်/လမ်းအန္တရာယ်၊ လူကုန်ကူးမှု အန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အနာဂတ်တိုင်းပြည်၏ သားကောင်းသမီးကောင်းရတနာ ကျောင်း သား/သူများအား အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ယာဉ်အန္တရာယ်/လမ်း အန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ဆိုး ကျိုးများကို သိရှိနားလည်ပြီး ရှောင်ရှားတတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကို အထက(၁)မြိတ် ပညာဗိမာန်ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။

နောင်တရားမြို့၌ ငါးနှစ်အောက်ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ငါးနှစ်အောက် ကလေးငယ်များကို ယနေ့နံနက်ပိုင်းတွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။   
Subscribe to