ညောင်ဦး ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချလျက်ရှိသော စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပခြင်းအား ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန်းစိုးက အဖွင့်အမှာစကားပြေားကြားပြီး ညောင်ဦးမြို့နယ် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်များမှ တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် စက်သုံးဆီရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးဆန်းဦး စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြပြီး၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များက စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။ ပြီးနောက် ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းသာရောင်းချကြရန်၊ စက်သုံးဆီအရည်အသွေးပြည့်မီစေရေး အလေးချိန်/အချိန်အတွယ်ပြည့်မီစေရေး၊ စက်သုံးဆီပြတ်လတ်မှုမရှိစေရေးတို့အား ဆွေးနွေးတင်ပြခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၁ နာရီခွဲအချိန်တွင်ပြီးစီးခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ