မြောင်းမြ ဩဂုတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ခရိုင်အတွင်းရှိ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများ၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ ဂေဟာသို့ အဝတ်အထည်များ ထောက်ပံ့ခြင်းကို ယမန်နေ့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြောင်းမြခရိုင်အတွင်းရှိ မြို့နယ်များ ဖြစ်သော မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်များရှိ အခြေခံပညာကျောင်းများမှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကလေးကျောင်းဝတ်စုံ ကျားဝတ်(၁၅၀)နှင့် မဝတ်(၁၅၀)တို့အား လည်းကောင်း၊ မြောင်းမြမြို့ရှိ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့ဂေဟာသို့ Sleeping Mattress (၇၅)ခုနှင့် Blanket (၇၅)ထည်တို့အားလည်းကောင်း သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရ သည်။
မြောင်းမြခရိုင်(ပြန်/ဆက်)