အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းမာရေးလုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဟောပြော

သရက် ဩဂုတ် ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ယနေ့ နံနက်(၉;၃၀)နာရီက  ကျောင်းကျန်းမာရေး သီတင်းပတ် ကျောင်းကျန်းမာရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြုဆရာမကြီး ဒေါ်ဖြူဖြူက ကျောင်းသား/ကျောင်းသူများအား သန်ကောင်ရောဂါအကြောင်း သိကောင်းစရာနှင့် ဆယ်ကျော်သက် မိန်းကလေးများအား သံဓာတ်အားဆေး တိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ဟောပြောပေးခဲပြီး ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရည် စစ်ဆေးခြင်းနှင့်  ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခဲ့ကာ သံချဆေးများ တိုက်ကျွေးခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေး သီတင်းပတ် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဩဂုတ်လ(၇)ရက် နေ့မှ (၁၃)ရက်နေ့ထိနှင့် ဩဂုတ်(၁၅)ရက်မှ (၂၄) ရက်နေ့အထိ သရက်မြို့နယ်အတွင်းရှိ အခြေခံ ထက်/လယ်/မူကျောင်းများနှင့် (အခြေခံ၊ ကိုယ်ပိုင်၊ ဘုန်းတော်ကြီးသင် )ကျောင်းများသို့ သတ်မှတ် ရက်များတွင်  ကျောင်းအလိုက် ကျန်းမာရေး ဝန်းထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)