ရပ်စောက်၌ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ရပ်စောက် ဩဂုတ် ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နေ့ နံနက်ပိုင်းတွင် ဇော်ဂျီချောင်းရေလျှံတက်လာပြီး အဆိုပါချောင်းအနီးရှိ ရပ်ကွက်အချို့၌ လူနေအိမ်များနှင့် လမ်းမပေါ်သို့ ချောင်းရေများဝင်ရောက်ခဲ့သောကြောင့် ရပ်ကွက်နေ ပြည်သူများအား မြို့နယ်မိုးလုံလေလုံ အားကစားခန်းမသို့ ပြောင်းရွှေ့နေထိုင်စေကာ ကျန်းမာရေးဝန်ထမ်းများက ဆေးဝါးကုသမှုများ ဆောင် ရွက်ပေး လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ရေ‌ဘေးသင့်ပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆေးဝါးကုသပေးမှုများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိပြီး ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)