ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အဝေးပြေးကားကြီးကွင်းရှိ ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်လိုင်းများနှင့် ခရီးသွားပြည်သူများထံ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။