မအူပင်မြို့နယ်အတွင်းရှိ (၂၀၂၅-၂၀၂၆) ခု ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဌာနမှတာ၀န်ယူဆောင်ရွက်လျက်ရှိသည့် သောင်တန်း-တံခွန်တိုင်-မီးသွေးချောင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရေလဲကလေး-မလောင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးမှ လာရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။