ခိုလမ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လှုံဆော်ရေး အစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို တာ၀န်ရှိသူများ ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုး ကြီးကြပ်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့၀င်များ ပူးပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလှုံဆော်မှုအဖြစ် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဦးဆောင်နိုင်သူရွေးချယ်ကြပါစို့အကြောင်းအရာများပါရှိသည့်အသိပညာပေးလက်ကမ်းစာစောင်များကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများ၊၂၀၂၅-ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပထမအကြိမ်အနေဖြင့် မဲပေးကြမည့် အ.ထ.က(ခိုလမ်)ကျောင်းမှ Grade-12 ကျောင်းသား၊ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ကျော်ဇင်(ခိုလမ်၊ပြန်/ဆက်)