မိုင်းခုတ် ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လစဉ်အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပပေးလျက်ရှိရာ ဩဂုတ် ၁၁ ရက် နံနက် ၁၀ နာရီက ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းကပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ် ချက်ကို ဆွေးနွေးပြောကြားပြီး ဉာဏစွမ်းရည်အဖြစ် အရုပ်ပုံနှင့် စာသား ရွေးချယ်ရသည့်ပြိုင်ပွဲအားလည်းကောင်း၊ ကာယစွမ်းရည်အဖြစ် ပူးပေါင်းညှပ်နှင့် ပူပေါင်းဖောက်ပြိုင်ပွဲအား လည်းကောင်းကျင်းပပြုလုပ်ရာ မူလတန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်း သူ(၁၄)ဦး ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေနှင့် ကျောင်းသုံး ဗလာစာအုပ်များအားလည်းကောင်း၊ ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များအားလည်းကောင်း ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)