သာယာဝတီမြို့နယ်တွင် ပြည်သူ့ကျန်းရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံပေး

သာယာဝတီ သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးရာတွင် ပြည်သူကျန်းမာရေးဝန်ထမ်းများ အဆင်ပြေချောမွေ့စွာ ပြည်သူများအား ထိုးနှံနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများ အချင်းချင်း ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်း (၁၄) ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)