ညောင်လေးပင်မြို့နယ်၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

ညောင်လေးပင် ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ရုံး၌ ကိုဗစ်-၁၉ ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သတ်မှတ်အသက်နှင့်ကိုက်ညီပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးသော ပြည်သူများ၊ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ (ထပ်ဆောင်း) ကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသော ပြည်သူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးခြင်းကို စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/)ဆက်