ပျော်ဘွယ်မြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ပျော်ဘွယ် ဩဂုတ် ၁၆

ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် လာရောက်အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် ဩဂုတ်လ (၁၆)ရက်၊ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက ငယ်စဉ် အချိန်မှစတင်၍ စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရေး၊ စာပေဖတ်ရှုရာတွင် မိမိအတွက် အကျိုးဖြစ်ထွန်းမည့်အကြောင်းအရာ များကိုရွေးချယ် ဖတ်ရှု တတ်စေရေး၊ မှတ်ဉာဏ်စွမ်းအားမြင့်မားလာစေရေး၊ ဖတ်ရှုရုံဖြင့်မပြီးပဲ စံနမူရယူမှတ်သား တတ်စေရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ပြိုင်ပွဲသို့တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက၂၀၂၂ ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်တွင် စာရေးသူ ပင်လယ်ပြာ(ငါးဦးစီး)၏ "မိုးရာသီတွင်သာပေါ်တတ်သော ဆေးဖက်ဝင် ဂုံမင်းပင်၏ ကျန်းမာရေးကောင်းကျိုးများ"ကို ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)