ပန်းတောင်း သြဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၀:၀၀)နာရီ အချိန်က သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်းရာ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ နှစ်မျိုးနှစ်စားရှိကြောင်း လူကြောင့်ဖြစ်သော သဘာဝဘေးအန္တရာယ်နှင့် သဘာဝအလျောက်ဖြစ်သော ဘေးအန္တရာယ်များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့သို့ Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)