သာယာဝတီ သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော စျေးဆိုင်များတွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်၊ စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံနှင့်ဝန်ထမ်းများက စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချ နေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် ကုန်မျိုးစုံအား အညွှန်းအမှတ်အသား ပြည့်စုံစေရေး၊ ရက်လွန်အစားအစာများ မရှိစေရေးအတွက် မြို့မစျေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)