ပင်းတယမြို့ Community Centre ခန်းမ၌ "တိရိစ္ဆာန်များ"ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ပင်းတယ   သြဂုတ်    ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပင်းတယမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့်   တိရိစ္ဆာန်များရောဂါ၊ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ  အသိပညာပေး TAIK SHOW ကို ယမန်နေ့မွန်းလွဲ  ၁ နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်မှ တိရိစ္ဆာန်များ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက တိရိစ္ဆာန်များတွင် ရောဂါကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများနှင့်ဆောင်ရန် ရှောင်ရန်များ၊ တိရိစ္ဆာန်များတွင် ဖြစ်ပွားစေတတ်သည့် လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါ၊ ပိုးသံရောဂါ၊ ဝဲရောဂါ၊ ဆီး/ဝမ်းချုပ်ရောဂါ၊ အအေးမိခြင်းရောဂါ၊ ခွာနာလျှာနာရောဂါ၊အရေပြားအကျိပ်နာရောဂါ စသည့်တို့ဖြစ်ပေါ်လာပါက မိမိတို့ဌာနအနေဖြင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း၊ ပြည်သူများ ကူးစက်ရောဂါကာကွယ်ရေးနှင့် မွေးမြူရေးဆိုင်ရာ ဗဟုသုတတိုးပွားရရှိစေရေးအတွက် အသိပညာပေးဟောပြောခြင်း၊ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေ​တတ်သောရောဂါများ စသည့်အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေး ပြောကြားပေးခဲ့သည်။

အဆိုပါ Talk Show အား အများပြည်သူ သိရှိစေနိုင်ရန်အတွက် online မှတစ်ဆင့် We Love Pindaya Page နှင့် ပင်းတယမြို့ ပြည်သူ့စာကြည့်တိုက် Pageတို့တွင် အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)