ဘူးသီးတောင် ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး ရှေးဦးပြုစုနည်း အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က Talk Show ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဘူးသီးတောင်မြို့နယ် မြို့နယ်ကြက်ခြေနီအသင်းအနေဖြင့် လက်ရှိဆောင်ရွက်ချက်များမှ ရှေးဦးပြုစုနည်း အတတ်ပညာ သိကောင်းစရာများအား သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးကျော်မြင့်ဝေ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ဘာသာရပ်သည် အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ လူ့အသက်ကိုကယ်ဆယ်နိုင်သည့် ပညာရပ်တစ်ခုဖြစ်သောကြောင့် လူတိုင်းတတ်ထားသင့်ကြောင်း၊ ရှေးဦးပြုစုခြင်း အတတ်ပညာကိုဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ရပ်ကွက်/ ကျေးရွာများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများကိုပါ အခါအားလျော်စွာ သင်တန်းများပို့ချလျက်ရှိပါကြောင်း၊ ဦးခေါင်းမှခြေဖျားအထိ မတော်တဆ ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ပါက ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် တတ်စွမ်းသမျှ ကူညီပေးနေပါကြောင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာများရရှိပါက ဆက်သွယ်ဆောင်ရွက်ရမည့် ဖုန်းနံပါတ်များကို ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လှကျော် (ပြန်/ဆက်)