ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်မှု လွှမ်းခြုံနိုင်ရေး Booster (CoviShield) အား အရှိန်အဟုန်မြှင့် ဆက်လက်ထိုးနှံ

ဒေါပုံ သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ယနေ့ နံနက် နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေးအတွက် ကာကွယ်ဆေး ထိုးပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်သူများအတွက် ထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်များအလိုက်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များက ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက အောက်စီဂျင်တိုင်းတာခြင်း ကိုယ်အပူချိန် တိုင်းတာခြင်းတို့ကို  ဆောင်ရွက်ပြီးကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး စနစ်တကျဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရသည်။

ချစ်စုဝေ(ပြန်/ဆက်)