ကမမောင်းမြို့တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကမမောင်း  ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉မျိုးကွဲ အိုမီခရွန်အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀) နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဖာပွန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းခင်ခင်ထွန်းက (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ရုပ်သံ ကျွမ်းကျင်-၃ (အင်အားပြ) ဦးသန့်ဇင်ဝင်းက မြန်မာနိုင်ငံသို့ အိုမီခရွန်ရောဂါ စတင်ရောက်ရှိလာပုံ၊ ကူးစက်ပျံ့နှံ့မှုအခြေအနေ၊ အိုမီခရွန်ရောဂါလက္ခဏာများ၊ အိုမီခရွန်၏ ထူးခြားချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲ (Talk Show) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။

တင်တင်လှ(ပြန်/ဆက်)