သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် အိမ်တွင်းအကြမ်းဖက်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပ

သပိတ်ကျင်း သြဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီ (၃၀)မိနစ်အချိန်က အမျိုးသမီးများအပေါ်အိမ်တွင်းအကြမ်းဖက်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းက အမျိုးသမီးများအပေါ်အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အကြမ်းဖက်မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ စုစုပေါင်း(၂၀)ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)