ဟုမ္မလင်း ဒီဇင်ဘာ ၁၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုကိပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဟုမ္မလင်း)၏ ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းက ဒီပလိုမှာအပ်နှင်းသဘင်မိန့်ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ စိုက်ပျိုးရေးဒီပလိုမာ ပြီးမြောက်သူများအား တန်းစဥ်ပေါင်းဆုများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းက ဂုဏ်ပြုမှတ်တမ်းလွှာများအားပေးအပ်ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသော အထူးဧည့်သည်တော်များနှင့် ဒီပလိုမာရမောင်မယ်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်း၊ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်မြတ်မင်းသန့်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်၊ ဟုမ္မလင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲဝင်း၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ဟုမ္မလင်းစိုက်သိပ္ပံကျောင်းအုပ်ကြီး ဦးသန့်ဇင်၊ ဒီပလိုမာရမောင်မယ်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက်ဒုတိယပိုင်းအစီစဥ်ဖြင့် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အား ဆက်လက်ကျင်းပရာ ဟုမ္မလင်းစိုက်သိပ္ပံကျောင်းအုပ်ကြီး ဦးသန့်ဇင်က ဒုတိယအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ တက်ရောက်သူ (၄၃) ဦးနှင့် အဝေးရောက်ယူ (၂၅) ဦး၊ စုစုပေါင်း (၆၈) ဦးအား အပ်နှင်းပေးခဲ့ကြကြောင်းနှင့် ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ် တက်ရောက်သူ (၇) ဦးရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)