ရွှေဘို ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ချမ်းမြေ့လေးထပ်ဆောင် (ရွှေဘိုပြည်သူ့ဆေးရုံဝင်းအတွင်း) တွင် ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရုံးဖွင့်ရက်များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၃၁ ရက်နေ့အတွင်းမွေးဖွားခဲ့သည့် အသက်(၉)နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သေးသော မိန်းကလေးငယ်များ (ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကျန်ရှိသော ကျောင်းသူများ၊ ပြည်သူ လူထုအတွင်းရှိ ဘုန်းတော်ကြီး စာသင်ကျောင်းများ၊ သီလရှင်ကျောင်းများ၊ မိဘမဲ့ဂေဟာများ၊ အခြားဘာသာရေးကျောင်းများ၊ လူနေထူထပ်သောရွှေ့ပြောင်းလူအုပ်စုများ၊ နေရပ်ရှောင်စခန်းများတွင် နေထိုင်သော မိန်းကလေးငယ်များ၊ ဈေးများ၊ စက်ရုံအလုပ်ရုံများ၊ စားသောက်ဆိုင်များတွင် လုပ်ငန်းခွင်ဝင်ရောက်လျက်ရှိသည့် မိန်းကလေးငယ်များနှင့် အိမ်အကူ မိန်းကလေးငယ်များ) အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)