ညောင်တုန်းမြို့နယ်၌ လယ်ယာမြေဥပဒေ အသိပညာပေးဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။