စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ ထုပ်စီးတိုးပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန် ရှိသူများသည် ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ ထုပ်စီးတိုးပြိုင်ပွဲများနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများ ယှဉ်ပြိုင် ကစားနေမှုများအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ကျောင်းသူများ၊ အားကစားချစ်မြတ်နိုးသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။

မိုင်းခတ်မြို့ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Women Club) မှ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာနှိုးဆော်‌ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုး‌ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အမှတ် (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်သိပ္ပံလမ်းဆုံ ပြည်သူ့ဆေးရုံရှေ့၌ ကျင်းပခဲ့သည်။

ကျိုင်းတုံမြို့၌ ဆန္ဒမဲပေးစဉ် အီလက်ထရောနစ်မဲပေးစက်(MEVM)အစိတ်အပိုင်း တစ်စုံတစ်ရာချို့ယွင်းပါက အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်းလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌  ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှစတင်၍ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် မဲဆန္ဒရှင်များ ဆန္ဒမဲပေးစဉ် အီလက်ထရောနစ်မဲပေးစက်(MEVM)၏ စက်အစိတ်အပိုင်း တစ်စုံတစ်ရာ ချို့ယွင်းခြင်းဖြစ်ပေါ်ပါက အရန်စက်ဖြင့် လဲလှယ်မဲပေးခြင်းလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံ ပညာရေးဒီဂရီကောလိပ်ခန်းမတွင် ကျင်းပသည်။

မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်မတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများ ခင်းကျင်းပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်တွင် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်း ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာ၊ သရက်တော‌ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်လှစ်ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ကြည်ညို၍ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

ကျေးသီးမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အကြိုကွင်းဆင်းဆေးကုသ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် (၂၄)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျေးသီးမြို့၊ တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အကြိုကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် ကန်ပန်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းကုသခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ​ပန်းချီပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ​ရွှေရတုခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်​ ပန်းချီပြိုင်ပွဲများကို ယမန်​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲအား ယမန်နေ့မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ဝေါမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အဗျားအထက်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to