ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်စာဖတ်ဝိုင်းကျင်းပ
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူလူငယ်များအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြာပွဲ၊ လူငယ်စာဖတ်ဝိုင်းများနှင့် အသိပညာပေးပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာမကြီး ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။