ကျေးသီး ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် (၂၄)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ကျေးသီးမြို့၊ တိုင်းရင်းဆေးပညာဦးစီးဌာန (၁၆)ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ အကြိုကွင်းဆင်းဆေးကုသခြင်းကို ယမန်နေ့နံနက်(၉)နာရီတွင် ကန်ပန်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းကုသခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာတွင် ကျေးသီးမြို့နယ်ရှိ (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ဆေးရုံအုပ် ဦးအောင်ဆန်း ဦးဆောင်ကာ ဆေးရုံဝန်ထမ်းများလိုက်ပါ၍ ကျေးသီးမြို့၊ ကန်ပန်ရပ်ကွက် ပြည်သူလူထုများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တိုင်းရင်းဆေးများဖြင့် ကွင်းဆင်းဆေးကုသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)