(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ​ပန်းချီပြိုင်ပွဲများကျင်းပ

​ရွှေဘို ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊​ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ​ရွှေရတုခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာနှင့်​ ပန်းချီပြိုင်ပွဲများကို ယမန်​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပြိုင်ပွဲများတွင် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနှင့်အစဉ် သတိနှင့်ယှဉ်”  အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “ လွတ်လပ်ရေးသည်သာ အစဉ်သာ”၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့ဒို့မမေ့” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “ပြည်ထောင်စုသာယာ လွတ်လပ်ရေးနေ့အခါ”၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုသား”၊ မူလတန်းအဆင့် ကဗျာပြိုင်ပွဲတွင် လွတ်လပ်သာယာ ပြည်မြန်မာ” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အထက်တန်း၊အလယ်တန်းနှင့် မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် “လွတ်လပ်ခြင်း၏ အခရာ”ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း   (၄၉)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့​​ကြောင်း သိရသည်။

 အဆိုပါပြိုင်ပွဲများတွင် ခရိုင်/မြို့နယ်ပညာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် ဆရာ/မများ၏ ကြီးကြပ်မှုဖြင့် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား (၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)