ပဲခူးမြို့၌ "ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေးမဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်ပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ လူစည်ကားရာ‌နေရာများတွင် ဖြန့်ဝေပေးခဲ့ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဝိုင်းမော်မြို့နယ်‌ ကျေးရွာများရှိ အခြေခံကျောင်းများ၌ Grade-12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးစာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ဝိုင်းမော်မြို့နယ်ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ Grade-12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု(Campaign)ဆောင်ရွက်

ပြန်ကြားရေးဝန်ကြီးဌာနနှင့် မကွေးတိုင်ဒေသကြီးအစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်ရေး၊ ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်မှု (Billboard)  စိုက်ထူခြင်း၊ ဗီနိုင်းများချိတ်ဆွဲခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်၌ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁း၀၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊‌ ကျောင်းသူများအား ပဉ္စမအကြိမ်  အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲအချိန်တွင် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မိုင်းခုတ်မြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်း​​ပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈) ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီး သူများအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ဖြန့်​ဝေ​ခြင်းကို ယနေ့မွန်းလွဲပိုင်းက မိုင်းခုတ်မြို့ နောင်တုံဂိတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဟောပြောပွဲ ဆောင်ရွက်

၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to