နတ်မောက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တံခါးမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်အခွင့်အရေး မဆုံးရှုံးစေရန်အတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေးကားလမ်း(ဟောင်း)၊ မြို့မစျေးကြီးနှင့် လူစည်ကားရာနေရာများတွင် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်‌ပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂)ရပ်ကွက်၊ ဘုရားကလေးဘုန်းတော်ကြီးကျောင်းဓမ္မာရုံအတွင်း ပြုလုပ်ခဲ့သည်။

ကဝမြို့၌ “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ (Billboard) စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ရွေးကောက်ပွဲအသိပညာပေး မြေစိုက်ပိုစတာ (Billboard)ကို ယနေ့နံနက်ပိုင်းက ပဲခူး-ကဝလမ်းမကြီးဘေးတွင် စိုက်ထူပြီး လူစည်ကားရာနေရာများနှင့် မြို့နယ်စည်ပင်သာယာဈေးတို့တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

နတ်မောက်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အတွင်းရှိဌာနဆိုင်ရာ ရုံးများတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က မြို့နယ်ပြည်တွင်း အခွန်ဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

မြောင်းမြမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့နယ် အမှတ်(၁၃၇) ခြေလျင်တပ်ရင်းတပ်နယ် ကြိုတင်ဆန္ဒမဲများ မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံသို့အပ်နှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းရှိ အမှတ် ၁၃၇ ခြေလျင်တပ်ရင်း တပ်နယ်ကြိုတင်မဲများအပ်နှံခြင်းကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ဒဿမအကြိမ်မြောက်စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ကျင်းပသည့် ဒဿမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ် အ.ထ.က-ခွဲတွင် အသိပညာပေးဟောပြောခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ် ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်) တွင် ကျင်းပသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုအဖြစ် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်း (Campaign) ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များကို တာ၀န်ရှိသူများနှင့် ပူးပေါင်း၍ အခမဲ့ဖြန့်ဝေဆောင်ရွက်ကြကြောင်း သိရသည်။
Subscribe to