ဘိုကလေး ဒီဇင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံ(၂၆၅)ရုံဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းအဆောက်အဦးများအား မီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ (၁၀)ရက်နေ့မှစတင်၍ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လှည့်လည် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်း အဆောက်အဦးများတွင် မီးဘေးလုံခြုံရေးနှင့်ပတ်သတ်သော ပစ္စည်းကိရိယာများထားသိုမှုအခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်း သုံးစွဲမှုအခြေအနေများအား စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ပြီး မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ရှားရမည့် အချက်များကို မြို့နယ်မီးသတ်ဦးစီးဌာနက အဆောက်အဦးတာဝန်ရှိသူများထံ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)