ကော့ကရိတ် စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူ့များအား mask နှာခေါင်းစည်းတပ်ဆင် ၍သွားလာကြရေးအသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ နံနက် ၈ နာရီခွဲချိန်က အမှတ် ၃ရပ်ကွက် အောင်မင်္ဂလာလမ်းဆုံလမ်းထောင့်တို့တွင် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့် ဝေပေးရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌလမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်စီမံခန့် ခွဲမှုဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့မှ အိမ်ပြင်ထွက် သွားလာနေကြသည့် ပြည်သူများအားmask နှာခေါင်းစည်း တပ်ဆင်၍ သွား လာရေး အသိပေးနှိုးဆော်ပြီး maskများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)