မိုင်းဖြတ် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေးစာရင်း ပုံစံ၆၆/၆(အထစ)ပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ မိဘပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပေးထုတ်ပြန်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက မိုင်းဖြတ်-မိုင်းယောင်း လမ်းဆုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးရှေ့နှင့် မြို့နယ်ပြည်သူ့ပန်းခြံရှေ့တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက် (၇)ချက်နှင့် ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေးစာရင်းများ (အထစ) ပြုစုရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်(၆)ချက် ပါရှိကြောင်း၊ ဆိုင်းဘုတ်စိုက်ထူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး ကြီးကြပ်မှုကော်မတီဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မျိုးဝင်းနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)