­­­မင်းဘူး(စကု)မြို့နယ်၌ ချည်မျှင်ရှည်ဝါသီးနှံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး (၄)နှစ် စီမံကိန်းအသွင်ဖြင့် အကော်အထည်ဖော်ဆောင်ရွက်နေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ ဝါမျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းများနှင့် အရည်အသွေးပြည့်မီသော ချည်မျှင်ရှည်ဝါသီးနှံမျိုးအသစ်များ တိုးချဲ့စိုက်ပျိုးထုတ်နိုင်ရေးအတွက် (၄)နှစ်စီမံကိန်းအသွင်ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အင်္ဂပူမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းလုပ်ငန်းရှင်များ၊ ငါးမွေးကန်လုပ်ငန်းရှင်များ ပူးပေါင်း၍ အင်္ဂပူမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းက အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မဈေး၌ ငါးများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

နမ့်ဆန်မြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်း (၁)နာရီက ဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ပြုလုပ်လျက်ရှိရာ

ကလေးတွင် အခြေခံစားသောက်ကုန်များ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဝေဘူလလမ်းပေါ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ရောင်းချပေးခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့နယ်တွင် ဌာနဆိုင်ရာရုံးများအရောက် နယ်လှည့်စာငှားလုပ်ငန်းဆောင်ရွက်ပေး

စာပေအသိပညာ တိုးတက်ပြန့်ပွားစေရေးအတွက် အချိန်မအားလပ်၍ စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာပေများ ငှားရမ်းမဖတ်ရှုနိုင်ခြင်း မဖြစ်စေချင်သော ရည်ရွယ်ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့ နံနက်(၉)နာရီခွဲ အချိန်တွင် မြို့နယ်ဌာနဆိုင်ရာများ အရောက်သွား၍ နယ်လှည့်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

သီပေါမြို့နယ်တွင် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ် အမက(၆)၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် (၁)နာရီခွဲက ကျိုက်လတ်မြို့နယ် အမှတ် (၆) အခြေခံပညာ မူလတန်းကျောင်းတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်း အသိ ပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်းများဖြန့်ဝေ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေ အဖွဲ့ ဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယနေ့နံနက် ၉ နာရီအချိန်  လမ်းသွားလမ်းလာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား  နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to