ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Mask Campaign) ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Mask Campaign) ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က ဓနုဖြူမြို့၊ အမှတ်(၁၁)ရပ်ကွက် အကျော်တာ လမ်းမကြီးတွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်၊ ပင်တလည်ကျေးရွာတွင် စိုက်ပျိုးထားရှိသော ပန်းမုံလာပင်များ အောင်မြင်ဖြစ်ထွန်း 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပင်တလယ်ကျေးရွာမှ တောင်သူများအနေဖြင့် ဆန်စပါးအပြင် နေ့စဉ်ဝင်ငွေရသည့် ဟင်းသီး၊ ဟင်းရွက်ပင်များနှင့် သီးပင်စားပင်များ စိုက်ပျိုးကြ ကြောင်းသိရှိရပြီး တောင်သူဦးဆန်းဝင်း စိုက်ပျိုးထားရှိသော မျှားနီတံဆိပ် ပန်းမုံလာပင်များ အောင်မြင် ဖြစ်ထွန်းပြီး ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

မင်းတုန်းမြို့တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

မကွေးတိုင်းဒေကြီး၊ မင်းတုန်းမြို့၌ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ (World Rabies Day)တွင် ယနေ့နံနက် ၉ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့နံနက်(၉)နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။  ဒေသနေပြည်သူများအား

ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး

စာဖတ်ရှိန် တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက် ရှိ သုတ/ရသ စာအုပ်များကို ယမန်နေ့ညနေ ၃ နာရီက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။

မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းကို ယမန်နေ့က ကလော့သော့ကျေးရွာရှိ  အခြေခံ​ပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ငွေလုံးငွေရင်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးလျက်ရှိသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက် ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။

မြို့သစ်မြို့၌ (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် မြို့သစ်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီက စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Subscribe to