အမရပူရမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

အမရပူရ စက်တင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အိုးတော်ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောကို ယနေ့နံနက် () နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အိုတော်မူလတန်းလွန်ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးညိုဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက ကလေးအလုပ်သမားဖြစ်ပေါ်လာပုံ၊ ကလေးအလုပ်သမားပပျောက်ရေး အကြောင်းအရာများကို ဟောပြောခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးထုတ်ဝေသည့် ကလေး အလုပ်သမား ပပျောက်ရေးအသိပညာပေး လက်ကမ်းစာစောင် များကိုဖြန့်ဝေပေးခဲ့သည်။ အဆိုပါ လက်ကမ်းစာစောင်တွင်ကလေးအလုပ်သမား အဓိပ္ပါယ်ရှင်းလင်းချက်၊ကလေးအလုပ်သမားပပျောက်ရေး အားလုံးလက်တွဲဆောင်ရွက်ပေး ဟူသောဆောင်ပုဒ်၊ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် ကလေးအလုပ်သမား ပျောက်ရေး ဆောင်းပါး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမားပပျောက်ရေး ပထမ () နှစ်စီမံချက်၏ ရည်မှန်းချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်ချက် () ရပ် စသည်တို့ပါဝင်ကြောင်း သိရသည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်ဖြင့် အားလပ်ချိန် စာဖတ်ကြရန် ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများ လေ့လာနိုင်ရန် စာအုပ်၊ စာစောင်များကို ပြသခဲ့သည်။ အမရပူရမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်အတွက် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)