ဘုရားသုံးဆူ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်အတွင်းနေထိုင်ကြသောပြည်သူများအားသိရှိစေရန်အတွက် ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်းမျိုးစိတ် BA.4, BA.5 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်းတပ်ဆင်၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်၊ အပြင်ကပြန်လာသည့်အခါတိုင်း လက်ကို စက္ကန့် (၂၀)ကြာဆေးကြောကြရန်၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့်ကွေး၍ အုပ် ကြရန်၊ မိမိတို့၏နေအိမ်များတွင် လေဝင်လေထွက်ကောင်းမွန်ရန်အတွက် ပြတင်းပေါက်များကိုဖွင့်ထား ကြရန်နှင့် တတ်နိုင်သမျှ မိမိတို့၏နေအိမ်တွင်နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ် ဆေးထိုးနှံမှုများကို ခံယူကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်းမှုအတိုင်းထပ်ဆောင်း ကာကွယ်ဆေးများကိုလည်း အကြိမ်ပြည့် မပျက်မကွက် ထိုးနှံကြရန်စသည့် အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူ(ပြန်/ဆက်)