ရေတာရှည် အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန (Community Centre) ခန်းမ၌ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ နေလယ် ၁ နာရီအချိန်က စတင်၍ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦ:စီးအရာရှိ ဒေါ်အေးဆုစံက ပြိုင်ပွဲကျင်းပရခြင်းမှာ ကလေးငယ်များ ပြိုင်ပွဲတွင် ပါဝင်ယဉ်ပြိုင်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကို အသုံးပြုလာတတ်စေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံတူ ပန်းချီရေးဆွဲခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ် ခဲ့သည်။
ထို့နောက် နေ့လယ် ၂ နာရီအချိန်တွင် ကဗျာရွတ်ပြိုင်ပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ပြိုင်ပွဲဝင်များက “အမျိုးသားအောင်ပွဲနေ့ တို့မမေ့” ကဗျာအား ရွတ်ဆို ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ရေတာရှည် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုလျက်ရှိသည့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈) ဦးခန့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)