ဇီးကုန်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ကျေးလက်ဒေသများသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရွာဝိုင်းကြီးကျေးရွာအုပ်စု ရွှေဖလားကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တာချီလိတ်မြို့၌ လူထုအခြေပြုဗဟိုဌာနတွင် Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က "လေထု ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အားလပ်ချိန်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၈) နာရီအချိန်က ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမရှေ့၌ မြို့မစည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများ၊ ခရီးသွားပြည်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်

ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးရန်အတွက် ခြင်ပေါက်ပွားမှု မရှိစေရေး ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်း များတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကင်းဝေးစေရေးအတွက် ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့ နံနက် (၉) နာရီက အဘိတ်ဆေးခတ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခဲ့သည်။

ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)တို့ ပူးပေါင်းပြီး  စာအုပ်၊ စာပေဖတ်ရှု့ လေ့လာသူ ပိုမိုများပြားလာစေရန်နှင့်  အသိပညာဗဟုသုတများ ရရှိကြစေရန်တို့ကို ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ စာပေကိုအမြတ်တနိုးလေ့လာ ဆွေးနွေးတတ်စေရန်ရည်ရွယ်၍ စာရေးဆရာများဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြသည်။
Subscribe to