တာချီလိတ်မြို့၌ လူထုအခြေပြုဗဟိုဌာနတွင် Talk Show ဆောင်ရွက်

တာချီလိတ်  အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က "လေထု ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဥ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်တွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအေးလတ်က ယခုလို On line အသိပညာပေးTalk Show အစီအစဥ်အား ပြည်သူများ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်ဇင်မိုးက လေထုညစ်ညမ်းမှုအန္တရာယ်၊ ဇီဝလောင်ကျွမ်းခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်ရုံများ၊ မိုင်းတွင်းလုပ်ငန်းများ၊ အိမ်တွင်းလေထုညစ်ညမ်းမှုများမှတဆင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ၊ လေထုညစ်ညမ်းမှုမှ ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုကိုလျှော့ချနိုင်မည့်နည်းလမ်းများ စသည်တို့ကိုအကျယ်တဝံ့ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အေးအေးလတ်